Return to Video

တရားရှုမှတ်မှုက ဦးနှောက်များကို ပုံသွင်းပေးနိုင်ပုံ။ Sara Lazar | TEDxCambridge

  • 0:12 - 0:13
    မင်္ဂလာ မနက်ခင်းပါ။
  • 0:13 - 0:16
    ဘွဲ့လွန်သင်တန်းမှာတုန်းက ကျွန်မဟာ
    အပြေးသမားဖြစ်ပြီး
  • 0:16 - 0:18
    သူငယ်ချင်းနဲ့ကျွန်မ Boston Marathon
    ပြေးဖို့ ဆုံးဖြတ်ခဲ့တယ်။
  • 0:19 - 0:21
    ဒါနဲ့ လေ့ကျင်းရင်း၊ လေ့ကျင့်လွန်သွားပြီး
  • 0:21 - 0:23
    ကျွန်မ ဒူးနဲ့ ကျောမှာ ရောဂါတွေပေါ်ခဲ့တယ်။
  • 0:23 - 0:25
    ဒါနဲ့ ခန္ဓာဆိုင်ရာ အထူးကုကို သွားပြတော့
  • 0:25 - 0:27
    ကျွန်မ ပြေးတာရပ်ဖို့လို့ပြီး ဒီအစား
  • 0:27 - 0:28
    အကျောဆန့်သင့်တယ်လို့
    ကျွန်မကို ပြောတယ်။
  • 0:28 - 0:32
    ခန္ဓာဆိုင်ရာ အထူးကုဆေးခန်းကအထွက်မှာ
  • 0:32 - 0:35
    ပျော့ပြောင်းမှုသာမကပဲ ခွန်အားနဲ့
  • 0:35 - 0:38
    နှလုံး၊ အဆုပ် ကျန်းမာမှုကိုပါ
    တိုးတက်စေမယ်လို့
  • 0:38 - 0:42
    ကတိပေးထားတဲ့ ပြင်းထန်တဲ့ ယောဂ
    သင်တန်းကြော်ငြာကို တွေ့မိတယ်၊
  • 0:42 - 0:44

    ဒီတော့ တွေးမိတာ အိုး၊ အကြောဆန့်နိုင်ပြီး
  • 0:44 - 0:47
    ကိုယ်ခန္ဓာအချိုးကျဖို့ နည်းကောင်းတစ်ခုပဲ၊
  • 0:47 - 0:50
    Boston Marathon တောင်
    ဝင်ပြေးနိုင်သေးတယ်ပေါ့။
  • 0:50 - 0:54
    ဒါနဲ့ ယောဂအတန်းကိုသွားတော့
    အရမ်းကြိုက်သွားတယ်၊
  • 0:54 - 0:58
    ဆရာမက တောင်းဆိုတာမျိုးစုံ ကလွဲရင်ပေါ့လေ။
  • 0:58 - 1:01
    သိတဲ့အတိုင်း၊ ဆေးဘက်ဆိုင်ရာတောင်းဆိုချက်
    အစုံလေ၊ ဟုတ်ကယ် သင့်ကို ကူညီမယ့်
  • 1:01 - 1:03
    တောင်းဆိုချက်တွေရောလေ၊
  • 1:03 - 1:06
    သင့်ရဲ့ စာနာမှုတိုးလာမယ်၊
    စိတ်နှလုံးပွင့်လာမယ်ဆိုတာမျိုးပေါ့
  • 1:06 - 1:09
    ကျွန်မလုံး အပြူးသားဖြစ်တာ မှတ်မိသေးတယ်၊
  • 1:09 - 1:12
    ဟုတ်ကဲ့၊ ဒီကို အကြောဆန့်ဖို့
    ရောက်လာတာ ထင်ပါတယ်၊
  • 1:12 - 1:14
    (ရယ်သံများ)
  • 1:15 - 1:17
    ဒါပေမဲ့ စိတ်ဝင်စားစရာက
    တစ်ပတ်နှစ်ပတ်မှာ
  • 1:17 - 1:18
    ဒီအပြောင်းအလဲတွေကို စသတိထားမိတယ်။
  • 1:18 - 1:22
    ကျွန်မဟာ ပိုတည်ငြိမ်လာပြီး
    ခက်ခဲတဲ့အခြေအနေတွေကို
  • 1:22 - 1:26
    ပိုကောင်းစွာကိုင်တွယ်လာနိုင်တာ စသတိထား
    မိတယ်၊ ပိုပြီးစာနာစိတ်ထားနိုင်လာပြီး
  • 1:27 - 1:28
    သူတစ်ပါးကို စိတ်နှလုံးပွင့်လာတယ်၊
  • 1:28 - 1:31
    သူတစ်ပါးရဲ့ အမြင်ကနေ ပိုကောင်းစွာ
    မြင်နိုင်လာခဲ့တယ်
  • 1:31 - 1:34
    သိတဲ့အတိုင်း ကျွန်မက ဘယ်လိုဖြစ်မလဲ၊
  • 1:34 - 1:36
    ဘယ်လိုဖြစ်နိုင်လဲဆိုတော့
  • 1:36 - 1:40
    တွေးတာက အင်း၊ ဖြစ်နိုင်တာက၊ သိတဲ့အတိုင်း
    ဒါက ချွေးသိပ်တဲ့ တုံ့ပြန်မှုလေလားပေါ့။
  • 1:40 - 1:42
    သူမက ကျွန်မ ဒါကို ခံစားရမယ်၊
    ဒါကြောင့် ဒီလိုခံစားနေတာ၊
  • 1:42 - 1:46
    ဒါနဲ့ ဒီအကြောင်း သုတေသနရှိ၊ မရှိသိဖို့
    စာပေ ရှာဖွေမှုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
  • 1:46 - 1:49
    ဟိုမှာ သည်မှာ ယောဂနဲ့
    တရာရှုမှတ်ခြင်းတွေဟာ
  • 1:49 - 1:55
    စိတ်ဖိစီးမှု လျော့စေဖို့ အင်မတန် ထိရောက်
    ပြီး စိတ်ကျတာ၊ ပူပန်မှုနဲ့ အိပ်မပျော်တာတွေ
  • 1:55 - 1:59
    အပါအဝင် ရောဂါပေါင်းများစွာနဲ့ ဆက်စပ်နေတဲ့
    အရိပ်လက္ခဏာတွေကို
  • 1:59 - 2:02
    လျော့ပါးဖို့အတွက်လည်း ကောင်းတယ်လို့
    ပြထားတာ အနည်းငယ်ရှိပါတယ်။
  • 2:02 - 2:07
    အာရုံစိုက်နိုင်စွမ်းကို တကယ်ပဲ
    တိုးတက်နိုင်စေတယ်လို့ သရုပ်ပြတဲ့
  • 2:07 - 2:11
    အတော်ကောင်းတဲ့ လေ့လာမှုတစ်ခုနှစ်ခုရှိတယ်၊
    စိတ်ဝင်စားစရာ အကောင်းဆုံးက
  • 2:11 - 2:14
    လေ့လာမှုတိုင်းနီးပါးက လူတိုင်း
    ပိုပျော်တာကို ပြတာလို့ထင်တယ်
  • 2:14 - 2:17
    ဘဝကို ပိုကျေနပ်ကြပြီး ပိုမြင့်မားတဲ့
    ဘဝ အရည်အသွေးရှိတယ်လို့ အစီရင်ခံကြတယ်။
  • 2:17 - 2:20
    ဒါနဲ့ ကျွန်မ စိတ်ဝင်စားသွားတယ်၊
  • 2:20 - 2:25
    ဒီလိုနဲ့ ပြောင်းလဲကာ ဒီလိုမျို သုတေသန
    ပြုဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
  • 2:25 - 2:28
    အာရုံကြောသိပ္ပံပညာရှင်ဆိုတော့
    ဒါက ဘယ်လိုဖြစ်နေနိုင်တာလဲ၊
  • 2:28 - 2:32
    ယောဂ ကိုယ်ဟန်လို၊ အသက်ရှုတာကို
    ထိုင်ပြီး စောင့်ကြည့်တာလို
  • 2:32 - 2:33
    ပေါက်ကရတစ်ခု ဘာဖြစ်နိုင်မှာလဲ။
  • 2:33 - 2:37
    ဒါက ဒီမတူညီပြောင်းလဲမှုမျိုးစုံကို
    ဘယ်လိုဖြစ်နိုင်တာလဲ။
  • 2:37 - 2:42
    ဒီတော့ သိကြတာကအပြုအမူတစ်ခုကို
    ထပ်ကာထပ်ကာ လုပ်တဲ့အခါတိုင်း
  • 2:42 - 2:45
    ဒါက ဦးနှောက်မှာ အပြောင်းအလဲတွေဖြစ်စေတာပါ။
  • 2:45 - 2:47
    ဒါကို အာရုံကြောပျော့ပြောင်းမှုလို့
    ရည်ညွှန်းတယ်။
  • 2:47 - 2:51
    ဆိုလိုတာက သင့်ဦးနှောက်ဟာ ပုံသွန်းနိုင်ပြီး
  • 2:51 - 2:55
    နူရွန်းတွေဟာ အတွေ့အကြုံနဲ့အတူ
    အချင်းချင်း ပြောပုံကို ပြောင်းလဲနိုင်တာပါ။
  • 2:55 - 3:00
    ဒီတော့ MRI လိုစက်ကို သုံးပြီး
    ဒါကို ရှာနိုင်တယ်လို့
  • 3:00 - 3:03
    သရုပ်ပြတဲ့ လေ့လာမှု တစ်ခုနှစ်ခုရှိပါတယ်။
  • 3:03 - 3:05
    ပထမလေ့လာမှုက ရွဲကစားခြင်းနဲ့ပါ။
  • 3:05 - 3:07
    တစ်ခါမှ ရွဲမကစားဖူးတဲ့ သူတွေကိုခေါ်ပြီး
  • 3:07 - 3:09
    သူတို့ကို စကင်ရိုက်ပြီး ရွဲကစားတာကို
    သင်ပေးလိုက်တယ်၊
  • 3:09 - 3:12
    "သုံးလ ဆက်တိုက်ကစားကြပါ"လို့ပြောတယ်။
  • 3:12 - 3:15
    သုံးလပြည့်ပြီး သူတို့ကို ပြန်ခေါ်လာက
    ဒုတိယအကြိမ် စကင်ရိုက်တော့
  • 3:15 - 3:18
    ဒီလူတွေရဲ့ ဦးနှောက်ထဲက အမြင်ပိုင်း
    လှုပ်ရှားမှု ရှာဖွေဖို့
  • 3:18 - 3:20
    အရေးပါတဲ့ ဧရီယာတွေ၊ မီးခိုးရောင်ဒြပ်
    ပမာဏ ပြောင်းလဲတာတွေ
  • 3:20 - 3:23
    MRI စက်နဲ့
    တကယ် ရှာတွေ့နိုင်တာကို တွေ့ရှိရတယ်။
  • 3:23 - 3:28
    ဒီတော့ တွေးမိတာက အိုကေ၊ သုံးလ၊ သိတယ်နော်
  • 3:28 - 3:33
    တရားရှုမှတ်မှုက ဦးနှောက်
    တည်ဆောက်မှုကိုပါ ပြောင်းလဲနိုင်လား။
  • 3:33 - 3:36
    ရွဲကစားတာလို ရိုးစင်းတဲ့ တစ်ခုခုကလေ၊
  • 3:36 - 3:37
    တရားရှုမှတ်မှုဆိုရင်ရော။
  • 3:37 - 3:39
    ဒါနဲ့ ကျွန်မတို့လုပ်တဲ့ ပထမလေ့လာမှုက
  • 3:39 - 3:42
    Boston ဧရိယာက လူတစ်စုကို စုလိုက်တယ်၊
  • 3:42 - 3:44
    ဒီလူတွေဟာ ဘုန်းကြီးတွေ၊
    တရားပြဆရာတွေမဟုတ်ဘူး။
  • 3:44 - 3:46
    တစ်နေ့ကို ပျမ်းမျှ မိနစ် ၃၀-၄၀ လောက်ပဲ
  • 3:46 - 3:48
    တရားရှုမှတ်တဲ့ သာမန်လူတွေပါ။
  • 3:48 - 3:50
    သူတို့ကို စကင်နာထဲထည့်လိုက်ပြီး
  • 3:50 - 3:52
    လူဦးရေစာရင်းအရ ကိုက်တဲ့ လူစုနဲ့
    နှိုင်းယှဉ်တယ်
  • 3:52 - 3:54
    တရားမမှတ်သူတွေပေါ့။
  • 3:54 - 3:56
    တွေ့ရှိရတာက ဒါပါ၊
  • 3:56 - 3:58
    ထိန်းချုပ်သူတွေနဲ့ယှဉ်ရင်
    တရားမှတ်သူတွေမှာ
  • 3:58 - 4:02
    မီးခိုးရောင်ဒြပ် ပိုများတဲ့
    ဦးနှောက်ထဲက နေရာများစွာ တကယ်ရှိတာပါ။
  • 4:02 - 4:05
    ကျွန်မ ထောက်ပြမယ့် နေရာတစ်ခုက
  • 4:05 - 4:07
    ဒီ ဦးနှောက်ရှေ့ပိုင်းမှာပါ၊
    ဒါက အလုပ်နဲ့ဆိုင်တဲ့
  • 4:07 - 4:09
    မှတ်ဉာဏ်နဲ့ ဆုံးဖြတ်ရာမှာ
    အရေးပါတဲ့ နေရာဖြစ်ကာ
  • 4:09 - 4:11
    စိတ်ဝင်စားစရာကောင်းတာက
  • 4:11 - 4:14
    အသက်အရွယ်တွေနဲ့ယှဉ်ပြီး ဒေတာတွေကို
    ရေးမှတ်တဲ့အခါမှာပါ
  • 4:14 - 4:18
    ဒီတော့ အနီရောင်အကွက်ထဲမှာ
    ဒါက ထိန်းချုပ်တာပါ။
  • 4:18 - 4:20
    ဒါက သင်တကယ် မြင်ရတာပါ၊
  • 4:20 - 4:22
    အသေအချာ မှတ်တမ်းပြုထားတာက အသက်ကြီးလာတဲ့အခါ
  • 4:22 - 4:24
    ဒီမှာတင် မဟုတ်ပဲ ဦးနှောက်အပြင်လွှာ
    တစ်လျှောက်မှာရော
  • 4:24 - 4:26
    အိုမင်းလာတာနဲ့ ကျုံ့သွားတယ်။
  • 4:26 - 4:28
    ဒါက အိုမင်းလာတဲ့ အကြောင်းရဲ့ အပိုင်းပါ။
  • 4:28 - 4:35
    အကြောင်းအရာတွေကို မှန်းဆဖို့နဲ့
    မှတ်မိဖို့ ပိုခက်ခဲတာပါ။
  • 4:35 - 4:37
    ဒီတစ်နေရာထဲမှာ စိတ်ဝင်စားစရာကောင်းတာက
  • 4:37 - 4:42
    အသက် ၅၀ အရွယ် တရားရှုမှတ်သူမှာ ၂၅ နှစ်
    လို ဦးနှောက်အပြင်လွှာရဲ့ ပမာဏရှိခဲ့တာပါ၊
  • 4:42 - 4:46
    ညွှန်ပြတာက တရားရှုမှတ်မှု အကျင့်ဟာ
    အပြင်လွှာ တည်ဆောက်မှုအတွင်းက
  • 4:46 - 4:51
    သဘာဝ အိုမင်းမှုနဲ့ ဆက်နွယ်တဲ့ ကျဆင်းမှုကို
    တကယ် နှေးစေတာ (သို့) တားဆီးပေးတယ်ဆိုတာပါ။
  • 4:51 - 4:53
    ဒီတော့ ဝေဖန်သူတွေ၊ များစွာသော
    ဝေဖန်သူတွေ ပြောတာက
  • 4:53 - 4:57
    တရားရှုမှတ်သူတွေဟာ
    ကြောင်တယ်တဲ့။
  • 4:57 - 5:00
    ဖြစ်နိုင်တာက သူတို့ စတင် မလေ့ကျင့်ခဲ့ခင်က
    လို နေမှာပေါ့နော်။
  • 5:00 - 5:03
    အတော်များများက သတ်သက်လွတ်သမား
    တွေဆိုတော့ သူတို့အစားအသောက်
  • 5:03 - 5:05
    ဘဝဟန်နဲ့ဆိုင်တဲ့ ဒိပြင်ဟာဖြစ်နိုင်တယ်။
  • 5:05 - 5:07
    တရားရှုမှတ်တာ မဖြစ်နိုင်ရင်
    အခြားတစ်ခုခုလား။
  • 5:07 - 5:12
    မျှမျှတတဆို ဒါဟာ မှန်နိုင်ပါတယ်။
  • 5:12 - 5:14
    ပထမလေ့လာမှုက ဒါကို မကိုင်တွယ်ဘူး။
  • 5:14 - 5:17
    ဒါနဲ့ ဒုတိယ လေ့လာမှုလုပ်ခဲ့တယ်။
  • 5:18 - 5:21
    လုပ်ခဲ့တာက အရင်တရားမမှတ်ဖူးသူ
    တွေကိုခေါ်၊ စကင်နာထဲထည့်
  • 5:21 - 5:25
    နောက် သီတင်း ရှစ်ပတ်
    တရားရှုမှတ်မှု အခြေခံတဲ့
  • 5:25 - 5:28
    စိတ်ဖိစီးမှု လျှောချခြင်း အစီအစဉ်ထဲ
    ပို့လိုက်တယ်၊
  • 5:28 - 5:31
    အဲဒီမှာ သူတို့ကို တစ်ရက် မိနစ် ၃၀ ကနေ
    ၄၀ ကြာ တရားမှတ်ခိုင်းတယ်။
  • 5:31 - 5:33
    နောက် သီတင်း ရှစ်ပတ်အဆုံးမှာ
    သူတို့ကို စကင်ထပ်ရိုက်တော့
  • 5:33 - 5:35
    တွေ့ရှိရတာက ဒါပါ။
  • 5:35 - 5:40
    ဒီတော့ မြင်တွေ့ရတာက ဧရိယာအတော်
    များများ ပိုကြီးလာတာပါ။
  • 5:40 - 5:42
    ဒီဆလိုက်မှာ hippocampus ကိုတွေ့ရပြီး
  • 5:42 - 5:47
    ဂရပ်မှာတော့ ထိန်းချုပ်ထားသူတွေဟာ
    အပြာရောင်၊
  • 5:47 - 5:50
    တရားရှုမှတ်သူတွေက အနီရောင်ဖြစ်ပြီး
    မြင်တွေ့ရတာက hippocampus ပါ
  • 5:50 - 5:53
    ဒါ သင်ကြာရေးနဲ့ မှတ်ဉာဏ်အတွက်
    အရေးပါတဲ့ ဧရိယာပါ၊
  • 5:53 - 5:58
    စိတ်ခံစားမှု ထိန်းညှိရေးအတွက်လည်း
    အရေးပါပြီး စိတ်ဝင်စားစရာက စိတ်ကျပြီး
  • 5:58 - 6:01
    PTSD ရှိတဲ့ လူတွေရဲ ဒီနေရာက
    မီးခိုးရောင်ဒြပ် ပိုနည်းတယ်
  • 6:01 - 6:05
    ကျွန်မတို့တွေ့ရှိတဲ့ အခြားနေရာတစ်ခုက
    နားရဲ့ အထက်မှာရှိတဲ့
  • 6:05 - 6:07
    temporo-parietal junction ပါ။
  • 6:07 - 6:11
    ဒါက အမြင် လက်ခံခြင်းနဲ့ မျှဝေခံစားမှု၊
    စာနာမှုအတွက် အရေးပါပါတယ်။
  • 6:11 - 6:14
    ထပ်ပြီးတော့ လူတွေ တရားရှုမှတ်မှုနဲ့ ယောဂ
    စလေ့ကျင့်တဲ့အခါ ပြောင်းလဲခြင်းကို
  • 6:14 - 6:18
    တင်ပြတဲ့ လုပ်ဆောင်မှုနှစ်ခုလုံးပါ။
  • 6:18 - 6:21
    ကျွန်မတို့ရှာတွေ့တဲ့ နောက်ထပ်
    နေရာတစ်ခုက amygdala ပါ။
  • 6:21 - 6:23
    amygdala က ဦးနှောက်ရဲ့ တိုက်
    မတိုက်ရင်ပြေးအပိုင်းပါ
  • 6:23 - 6:26
    ဟောဒီမှာ မီခိုးရောင်ဒြပ်မှာ လျော့ကျမှု
    တစ်ခု တကယ်တွေ့ပါတယ်။ု
  • 6:26 - 6:29
    စိတ်ဝင်စားစရာက မီးခိုးရောင်
    ဒြပ်ထဲက ပြောင်းလဲမှုဟာ
  • 6:29 - 6:30
    စိတ်ဖိစီးက ပြောင်းလဲမှုနဲ့
    အညမညဖြစ်တာ။
  • 6:30 - 6:33
    လူတွေတင်ပြတဲ့ စိတ်ဖိစီးလျော့တာ
    ပိုများလေ
  • 6:33 - 6:36
    amygdala က ပိုသေးလာလေပါ။
  • 6:36 - 6:41
    ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတာက
    တိရိစ္ဆာန်တွေ လေ့လာမှုတွေမှာ ပြတာတွေနဲ့
  • 6:41 - 6:43
    ဆန်ကျင်ပြီး အပြိုင်ဖြစ်ေနတာမျိုးပါ။
  • 6:43 - 6:46
    ဒါနဲ့ ကိုက်ဖြတ်တဲ့ သတ္တဝါတွေကိုသုံးတဲ့
    လုပ်ဖော်တွေက
  • 6:46 - 6:50
    ပျော်ရွှင်တဲ့အကောင်တွေ၊
    ပုံမှန်အကောင်တွေကိုယူပြီး
  • 6:50 - 6:52
    လှောင်အိမ်ထဲထည့်၊
    ၎င်းတို့ amygdala ကိုတိုင်းတာ
  • 6:52 - 6:55
    နောက် ၁၀ ရက် စိတ်ဖိစီးမှု
    စနစ်မှာထားလိုက်တယ်။
  • 6:55 - 6:58
    ၁၀ ရက်အဆုံးမှာ ၎င်းတို့ရဲ့
    amygdala ကိုတိုင်းတော့
  • 6:58 - 7:02
    ကြွက် ဦးနှောက်ကြီးထွားတဲ့အပိုင်းနဲ့
    လုံးဝထပ်တူပါ။
  • 7:02 - 7:06
    ကျွန်မတို့က စိတ်ဖိစီးမှုနဲ့ လျော့တာတွေ့ကာ
    သူတို့က စိတ်ဖိစီမှုနဲ့ တိုးတာကိုတွေ့တယ်။
  • 7:06 - 7:10
    စိတ်ဝင်စားစရာက အဲဒီတုန်းက သူတို့ဟာ
    တိရိစ္ဆာန်ချည်းထားခဲ့ပြီး
  • 7:10 - 7:13
    သုံးပတ်အကြာမှာ ပြန်သွားပြီး
    ထပ်မံ စမ်းသပ်ခဲ့တယ်။
  • 7:13 - 7:16
    သုံးပတ်အကြာမှာ ဒီအလားတူ amygdala
    အပိုင်းဟာ ကြီးမားနေတုန်းပဲ။
  • 7:16 - 7:19
    တိရိစ္ဆာန်တွေဟာ ၎င်းတို့ရဲ့
    မူလလှောင်အိမ်တွေထဲမှာတောင်
  • 7:19 - 7:22
    ပျော်ကြတယ်၊ စိတ်ဖိစီးနေတုန်းပါ။
  • 7:22 - 7:25
    ဒီတော့ သိတဲ့အတိုင်း သူတို့ဟာ
    ထောင့်မှာ အမြီးကုပ်နေပြီး
  • 7:25 - 7:28
    အရင်က မစူစမ်းဖူးတဲ့နေရာကို မစူစမ်းနေကြဘူး။
  • 7:28 - 7:33
    ဒီတော့ ဒါက လူသားတွေမှာတွေ့ရတာနဲ့
    လုံးဝဆန့်ကျင်ဘက်ပါ၊
  • 7:33 - 7:36
    အကြောင်းက လူတွေနဲ့က သူတို့ဝန်းကျင်
    လိုက်ပြီး ဘာမှမပြောင်းလဲဘူး။
  • 7:36 - 7:38
    စိတ်ဖိစီးတဲ့အလုပ်တွေ ရှိတုန်းပဲ၊
  • 7:38 - 7:40
    ခက်ခဲတဲ့ ပြဿနာတွေက ခက်ခဲနေတုန်း၊
  • 7:40 - 7:42
    စီးပွားရေးက ဆိုးဝါးတုန်းပဲလေ၊
  • 7:42 - 7:47
    ဒါပေမဲ့ သူတို့ရဲ့ amygdala ပိုသေးလာလေ၊
    စိတ်ဖိစီးမှုလျော့လေလို့ တင်ပြနေတယ်။
  • 7:47 - 7:50
    ဒီတော့ ဒါတွေ စုပြီးပြတာက
    amygdala ထဲက အပြောင်းအလဲဟာ
  • 7:50 - 7:54
    ပတ်ဝန်းကျင် အပြောင်းလဲကို မတုံ့ပြန်ပဲ
    လူတွေရဲ့ သူတို့ပတ်ဝန်းကျင်ကို တုံ့ပြန်မှု
  • 7:54 - 8:00
    (သို့) ဆက်စပ်မှု အပြောင်းအလဲကို
    ကိုယ်စားပြုနေပါတယ်။
  • 8:02 - 8:05
    ဒီနောက် ဒီလေ့လာမှုကပြတဲ့ အြခားတစ်ခုက
  • 8:06 - 8:10
    လူတွေပြောနေကြတဲ့ "အိုး၊ နေလိုကောင်းလာတယ်"
    (သို့ ) ဒါဟာ ချွေးသိပ်တဲ့ တုံ့ပြန်မှု
  • 8:10 - 8:14
    (သို့) ငါတို့ကို စိတ်ကျေနပ်အောင်
    လုပ်နေတာဆိုရုံပဲ မဟုတ်ဘူး၊
  • 8:14 - 8:17
    သူတို့ စိတ်ဖိစီးမှု လျော့တယ်လို့ ခံစားရ
    တယ်လို့ ပြောနေတာဟာ တကယ်က
  • 8:17 - 8:19
    အာရုံကြောဆိုင်ရာ
    အကြောင်းအချက်ကြောင့်ပါ။
  • 8:19 - 8:22
    ဒီနေ့ မျှဝေချင်တဲ့ စိတ်ကူးက
    တရားမှတ်တာက ဦးနှောက်ကို
  • 8:22 - 8:23
    ပြောင်းလဲနိုင်တာပါ။
  • 8:23 - 8:25
    ကျေးဇူးတင်ပါတယ်။
  • 8:25 - 8:26
    (လက်ခုပ်သံများ)
Title:
တရားရှုမှတ်မှုက ဦးနှောက်များကို ပုံသွင်းပေးနိုင်ပုံ။ Sara Lazar | TEDxCambridge
Description:

ဒီဟောပြောချက်ဟာ TED ညီလာခံ ပုံစံ အသုံးပြုထားပေမဲ့ ဒေသတွင်း လူတစ်စုက သီးသန့်ကျင်းပတဲ့ TEDx ပွဲတစ်ခုမှာ ဟောပြောခဲ့တာပါ။ http://ted.com/tedx တွင် ပိုလေ့လာပါ။
အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် Sara Lazar ရဲ့ အံဩဖွယ် ဦးနှောက် ဓါတ်မှန်များက တရားရှုမှတ်ခြင်းဟာ တကယ်ပဲ ကျွန်ုပ်တို့ရဲ့ အဓိက နေရာများရဲ့ အရွယ်အစားကို ပြောင်းလဲစေနိုင်တယ်ဆိုတာကို ပြသလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မှတ်ဉာဏ်ကို တိုးပွားစေပြီး ကျွန်ုပ်တို့ကို ပိုမို မျှဝေခံစား၊ စာနာတတ်ပြီး စိတ်ဖိအားအောက်မှာ ဒူပေနာပေခံနိုင်အောင် ပြုလုပ်ပေးလိုက်ခြင်းပါ။

more » « less
Video Language:
English
Team:
closed TED
Project:
TEDxTalks
Duration:
08:34

Burmese subtitles

Revisions